ပင်မစာမျက်နှာUSD / EUR • ငွေကြေး
add
USD / EUR
ယခင် အပိတ်
၀.၉၈
သတင်းတွင်
အမေရိကန် ဒေါ်လာ အကြောင်း
အမေရိကန်ဒေါ်လာ သည် အမေရိကန်ပြည်ထောင်စု ၏ တရားဝင် ငွေကြေးဖြစ်သည်။ ဒေါ်လာပုံ သင်္ကေတ ဖြင့် ကိုယ်စား ပြုသည်။ ဒေါ်လာ သို့ ယူအက်စ်ဒေါ်လာ ဟု ခေါ်ကြသည်။
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ တန် ငွေစက္ကူတွင် ဂျော့ချ် ဝါရှင်တန်၏ ရုပ်ပုံပါရှိသည်။ ငွေစက္ကူများမှာ ၁ ဒေါ်လာတန်၊ ၂ ဒေါ်လာတန်၊ ၅ ဒေါ်လာတန်၊ ၁၀ ဒေါ်လာတန်၊ ၂၀ ဒေါ်လာတန်၊ ၅၀ ဒေါ်လာတန်၊ ၁၀၀ ဒေါ်လာတန် ဟူ၍ အသီးသီးရှိကြသည်။
ဒေါ်လာတွင် ငွေရောင်နှင့် ရွှေရောင် အကြွေစေ့ ဟူ၍ရှိသည်။ ဈေးရောင်းစက် များသည် သဘောသဘာဝအရ များသောအားဖြင့် အကြွေစေ့များသာပြန်အမ်း လေ့ရှိကြသည်။ သို့သော် လူအများက ငွေစက္ကူသာ အသုံးများ ကြသည်။
တစ်ဒေါ်လာ တွင် ဆင့် ၁၀၀ ပါရှိသည်။ ဆင့် ခေါ် ပဲနိ သည် အမေရိကန်ပြည်ထောင်စု တွင် တန်ဖိုးအနည်းဆုံး သတ်မှတ်ချက် ဖြစ်သည်။ ဆင့် ၅၀ အကြွေစေ့၊ ၂၅ ဆင့် အကြွေစေ့၊ ၁၀ ဆင့်၊ ၅ ဆင့် နှင့် ၁ ဆင့် အကြွေစေ့ဟူ၍ ရှိသည်။ ငွေစက္ကူများနှင့် အကြွေစေ့ တို့၏ အရှေ့ဘက်ခြမ်း တွင် ကျော်ကြားသော အမေရိကန် များ၏ ပုံကို ရိုက်နှိပ်ထုတ်ဝေသည်။
ဒေါ်လာငွေစက္ကူ၏ တရားဝင် အခေါ်မှာ ပြည်ထောင်စုဒေါ်လာ ဟူ၍ဖြစ်သည်။ ပြည်ထောင်စုဆိုသည်မှာ အမေရိကန် အစိုးရကို ညွန်းခြင်းမဟုတ်ဘဲ ပြည်ထောင်စုဘဏ်ကို ညွန်းခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေ က အစိုးရသည် ရိုက်နှိပ်သော ငွေစက္ကူ တန်ဖိုးနှင့် ညီမျှသော ရွှေများကို ပြန်လည်လဲလှယ်နိုင်ရန် စုဆောင်းထားရှိရမည်ဟု ပါရှိသည်။ Wikipediaယူရို အကြောင်း
ယူရို သည် ယူရိုဇုန် အဖွဲ့တွင် ပါဝင်သော နိုင်ငံများတွင် အသုံးပြုသော ငွေကြေးဖြစ်သည်။ တစ် ယူရို ကို ၁၀၀ ဆင့် ပါဝင်သည်။ or "cents".
၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၂ ခုနှစ် နှစ်စအထိ တကယ့်ငွေကြေးကဲ့ သို့ အသုံးမပြုသေးပါ။ ၂၀၀၂ ခုနှစ်အတွင်း အီးယူ နိုင်ငံပေါင်း ၁၂ နိုင်ငံက သက်ဆိုင်ရာ ငွေကြေးများကို ပယ်ဖျက်ပြီး ယူရိုငွေစက္ကူ နှင့် အကြွေစေ့များကို စတင်အသုံးပြုခဲ့သည်။ ထိုအတော အတွင်း အသွင်ပြောင်းကာလ ဟု သတ်မှတ်ပြီး ယခင်ငွေကြေး အဟောင်းများနှင့် ယူရိုကို တွဲသုံးစေသည်။ သို့သော် ၂၈ ဖေဖော်ဝါရီ ၂၀၀၂ အရောက်တွင်မူ အဆိုပါ ၁၂ နိုင်ငံသည် ယူရိုငွေကြေးကို သာ သုံးစွဲစေတော့သည်။
၂၀၀၇ ခုနှစ်တွင် ဆလိုဗေးနီးယား သည် ၁၃ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၈ တွင် ဆိုက်ပရပ် နှင့် မော်တာ နိုင်ငံတို့သည် ၁၄ ခုမြောက်နှင့် ၁၅ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၀၉ တွင် ဆလိုဗက်ကီးယား သည် ၁၆ ခုမြောက် အဖြစ်လည်းကောင်း၊ ၂၀၁၁ တွင် အက်စတိုးနီးယားသည် ၁၇ ခုမြောက် ယူရိုငွေကြေးသုံးသော နိုင်ငံများ အသီးသီး ဖြစ်လာကြသည်။
ယူရိုငွေစက္ကူ ၇ မျိုးရှိပြီး တစ်မျိုးစီ အတွက် သီးသန့် အရောင်၊ အရွယ်အစား နှင့် တန်ဖိုးများ ရှိကြသည်။၎င်းတို့မှာ -
€၅ မီးခိုးရောင်
€၁၀ အနီရောင်
€၂၀ အပြာရောင်
€၅၀ လိမ္မော်ရောင်
€၁၀၀ အစိမ်းရောင်
€၂၀၀ အဝါရောင်
€၅၀၀ ခရမ်းရောင် တို့ဖြစ်ကြသည်။
အကြွေစေ့များတွင် ၈ မျိုးရှိပြီး
€၀.၀၁
€၀.၀၂
€၀.၀၅
€၀.၁၀
€၀.၂၀
€၀.၅၀
€ ၁
€ ၂ Wikipedia